Sunday, August 25, 2019

PHYSICS (Chapter 1)




PHYSICS (Chapter 3 )




PHYSICS (Chapter1)



ဓူဝံ လမ်းပြကြယ် ဆိုသည်မှာ.....




လိမ္မာ၊ယဉ်ကျေး၊ထူးချွန်ထက်မြက်သူ တို့ကမ္ဘာ(သို့မဟုတ်)ဓူဝံလမ်းပြကြယ်ဘော်ဒါ




ဓူဝံ ရင်သွေးတို့၏ အနုပညာ (2)




ဓူဝံ ရင်သွေးတို့၏ အနုပညာ





Wednesday, August 21, 2019

ကျွန်တော်ပုံဖမ်းဆရာ(၃)

မျှော်ရစ်ဘုရား (လောင်းလုံ)

ကျွန်တော်ပုံဖမ်းဆရာ(၂)


လောကမာရဇိန်ဘုရား(ထားဝယ်)

လောကမာရဇိန်ဘုရား(ထားဝယ်)

Tuesday, August 20, 2019

Microsoft Office Excel သင်ခန်းစာ

Microsoft Office Excel သင်ခန်းစာ
=========================

ကျောင်းသား/ ကျောင်းသူလေးတွေနဲ့ အမြဲထိတွေ့ပက်သက်နေရတဲ့

ဆရာ/ ဆရာမတို့အတွက် အလွန်အသုံးဝင်မယ့် သင်ခန်းစာလေးဖြစ်ပါတယ်။

အဲဒီသင်ခန်းစာလေးထဲမှာ

# အမှတ်ပေါင်းရှာခြင်း

# Pass / Fail ကိုရှာခြင်း

# စုစုပေါင်းအောင်တဲ့ကျောင်းသားအရေအတွက်ရှာခြင်း

# စုစုပေါင်းရှုံးတဲ့ကျောင်းသားအရေအတွက်ရှာခြင်း

# အောင်တဲ့ကျောင်းသားတွေမှာ ဂုဏ်ထူးပါရင် ဂုဏ်ထူးအရေအတွက်ကိုပြပေးခြင်း

# ဂုဏ်ထူးထွက်တဲ့ဘာသာရပ်တွေကိုဖော်ပြပေးခြင်း

# ရမှတ်အလိုက် အဆင့်ကိုပြပေးခြင်း

စတဲ့ သင်ခန်းစာတွေကို အသေးစိတ်ရှင်းပြပေးထားပါတယ်။

#IF function

IF Function သုံးဖို့ Logical test တစ်ခုလိုပါတယ်။

အဲဒီ Logical test ရဲ့ value အတိုင်း true ဖြစ်ခဲ့ရင်

Return ပြန်မယ့် အဖြေတစ်ခုနဲ့

Logical test ရဲ့ Value နဲ့ False ဖြစ်ခဲ့ရင်

Return ပြန်မယ့် အဖြေကတစ်ခု ဆိုပြီး သိထားဖို့လိုပါတယ်။

# Countif Function

Countif Function သုံးတဲ့အခါမှာလည်း သတ်မှတ်ချက်နှစ်ခုထည့်ပေးရပါတယ်။

List Range နဲ့ Criteria Range ဖြစ်ပါတယ်။

List Rang မှာက မူလ database ကို selection လုပ်ပေးရပါတယ်။

Criteria range မှာ ကိုယ်ရှာလိုသော dataအတွက်ရေးထားတဲ့ code သတ်မှတ်ချက်ကိုရွေးပေးရပါတယ်။


အားလုံးအဆင်ပြေပါစေခင်ဗျား။

ကိုနိုင်ထွန်းဦး

17-5-2019


ကိုနိုင်ထွန်းဦး
17-5-2019

ဓူဝံ လမ်းပြကြယ်

Pagemaker သင်ခန်းစာ အပိုင်း ၄


Pagemaker သင်ခန်းစာ အပိုင်း ၄
   ==================== 
စာစီစာရိုက်လုပ်ငန်းအတွက် အလွန်အသုံးဝင်တဲ့Pagemaker software အသုံးပြုပုံပါ။
Pagemaker ရဲ့ tool box ထဲမှ rectangular tool နဲ့ ကြယ်ဆွဲပုံ
colour ထည့်သွင်းပုံ
Layer တွေ merge လုပ်ပုံ အကြောင်းအသေးစိတ်သိရမှာဖြစ်ပြီး လက်တွေ့အနေနဲ့
နိုင်ငံတော်အလံလေးကိုဆွဲပြပေးထားပါတယ်။



တစ်ထပ်တိုက်အိမ်တစ်လုံးကို လက်တွေ့ရေးဆွဲခြင်း


2 D command တွေကို အသုံးချပြီးတစ်ထပ်တိုက်အိမ်တစ်လုံးကို လက်တွေ့ရေးဆွဲခြင်း

# column တိုင်ထည့်ခြင်း
# wall နံရံထည့်ခြင်း
# ပြတင်းပေါက်ထည့်ခြင်း
# တံခါးရွက်ထည့်ခြင်း
# ပရိဘောဂ ပုံတွေထည့်ခြင်း
# အိမ်သာနှင့် ရေချိုးခန်းတို့အတွက်ကြွေပြားအကွက် hatch ထည့်ခြင်း
# label ထည့်ခြင်း
# dimension တပ်ခြင်း
အစစ အရာရာပြည့်စုံသွားတဲ့ ပုံတစ်ပုံရပြီး customer လက်ထဲသို့ ယုံကြည်စိတ်ချစွာ အပ်နှံ နိုင်ပါပြီ။

အပိုင်းနှစ်ပိုင်းစလုံး အစ အဆုံး သင်ပေးထားပါသည်။
ကိုနိုင်ထွန်းဦး

AutoCAD သင်ပေးခဲ့သော ဆရာဦးစန်းမြင့်အားရိုသေစွာ ဂါရဝပြုပါသည် ခင်ဗျား။



Microsoft Word 2016အသုံးပြုနည်း မြန်မာလိုသင်ခန်းစာ (၂)



Microsoft Word 2016အသုံးပြုနည်း မြန်မာလိုသင်ခန်းစာ (၂)
====================================
#ကွန်ပျူတာလုပ်ငန်းခွင်တွေမှာ ၊ company တွေမှာ၊ ရုံးတွေမှာ စာစီစာရိုက်တဲ့အခါ ၊ စာအုပ်ထုတ်ဝေတဲ့အခါ မှာ အဓိကအသုံးများတဲ့
Microsoft Word 2016 အသုံးပြုပုံဖြစ်ပါတယ်။
#Formatting the character အကြောင်းတွေကိုမျှဝေပေးလိုက်ပါတယ်။



Microsoft Word 2016အသုံးပြုနည်း မြန်မာလိုသင်ခန်းစာ (၁)


Microsoft Word 2016အသုံးပြုနည်း မြန်မာလိုသင်ခန်းစာ (၁)
===============================
@ကွန်ပျူတာလုပ်ငန်းခွင်တွေမှာ ၊ company တွေမှာ၊ ရုံးတွေမှာ စာစီစာရိုက်တဲ့အခါ ၊ စာအုပ်ထုတ်ဝေတဲ့အခါ မှာ အဓိကအသုံးများတဲ့ Microsoft Word 2016 အသုံးပြုပုံဖြစ်ပါတယ်။
#Font Dialog box အကြောင်းတွေကိုမျှဝေပေးလိုက်ပါတယ်။
@ချစ်ခင်လေးစားရပါသော မိတ်ဆွေတို့အတွက် တစ်စုံတစ်ရာ အကျိုးရှိခဲ့ရင် ကျွန်တော့်ရင်မှာ ဖြစ်နေမယ့် ပီတိ မှန်းဆလို့တွေးကြည့်ရင် ထပ်တူခံစားနေရမှာပါ။

Monday, August 19, 2019

2019-2020 ပညာသင်နှစ်(၁)

ရည်မှန်းချက်ကိုယ်စီနဲ့ ဘဝရဲ့ယုံကြည်ချက်တွေပေါင်းစပ်လို့

2019-2020 ပညာသင်နှစ်ကို အားမာန်အပြည့်ဖြင့်လှမ်းချီနေပါပြီ။









Sunday, August 18, 2019

ကျွန်တော်ပုံဖမ်းဆရာ(၁)

မြို့ဟောင်းရွာအဝင်အနီးလေးက ရှုခင်းလေး၁

မြို့ဟောင်းရွာအဝင်အနီးလေးက ရှုခင်းလေး၂

Pagemaker သင်ခန်းစာ (၆)

 Pagemaker သင်ခန်းစာ (၆)



စာစီစာရိုက်လုပ်ငန်းအတွက် အလွန်အသုံးဝင်တဲ့

Pagemaker software အသုံးပြုပုံပါ။

Index tab အကြောင်းကို အသေးစိတ်သိရမှာဖြစ်ပြီး
လက်တွေ့လုပ်ဆောင်ပြထားတာလေးတွေကို
အသေအချာနားထောင်ပြီး ပြန်လေ့ကျင့်မယ်ဆိုရင် အလွန်အသုံးတည့်နေမှာဖြစ်ပါတယ်။

အပြုံးကိုသာပေးပါ

အပြုံးကိုသာပေးပါ


 လူတစ်ယောက်ယောက်က အဲဒါလေးကို ပေးလိုက်ရင်

လက်ခံလိုက်ရတဲ့လူတိုင်းလူတိုင်းက

 အရမ်းအရမ်း သဘောကျကြတယ်။

အရမ်းနှစ်သက်ကြတယ်။

ပျော်လည်းပျော်ရွှင်ကြတယ်။

ကျေလည်းကျေနပ်ကြတယ်။

ပျော်ရွှင်ကျေနပ်မှုတွေနဲ့အတူ
ရရှိတဲ့ လူတိုင်းကလည်း ပြန်ပြီးပေးကြပြန်တယ်။
အဲဒါက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
စကားလုံးနှစ်လုံးတည်းသာရှိပါတယ်။
အဲဒါကတော့ အပြုံး ဖြစ်ပါတယ်။
နေ့တစ်နေ့ကို စတင်လိုက်တာနဲ့ အပြုံးလေးနဲ့ စတင်လိုက်ပါ။
အဲဒီအပြုံးလေးကစလို့ အခြားပျော်စရာဖြစ်ရပ်လေးတွေများစွာ

ဆက်ပြီးဖြစ်ပေါ်လာပါလိမ့်မယ်။
ပြုံးခြင်းနှင့်စတင်ပြီး အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ အများကြီးရကြပါစေ။
ဘာပဲဖြစ်ဖြစ်... ပြုံး
ဘယ်လိုပဲဖြစ်ဖြစ်... ပြုံး
လောကကြီးမှာ အလှဆုံးဆိုတာ
အပြုံးတစ်ပွင့်ထက်ကာဆင့်သည့် အတင့်တယ်ဆုံး... သင့်အပြုံး။

နိုင်ထွန်းဦး

သင်စိတ်အားငယ်နေပါသလား။

သင်စိတ်အားငယ်နေပါသလား။
                                                       ==================

#အခက်အခဲတွေနဲ့ကြုံရရင် စိတ်အားငယ်တတ်တာ၊ စိတ်ဓာတ်ကျတာဖြစ်တတ်ပါတယ်။

#အားမငယ်ပါနဲ့ ၊ စိတ်ဓာတ်မကျပါနဲ့လို့တော့ မပြောလိုပါဘူး။
သို့သော် အကြာကြီးတော့ စိတ်အားငယ်ပြီးမနေပါနဲ့။
စိတ်အားငယ်ရင်းနဲ့ ဘာမှလုပ်ဖြစ်တော့မှာမဟုတ်ဘူး။
ဘာမှမလုပ်ဖြစ်မှတော့ ဘာမှဖြစ်လာတော့မှာမဟုတ်ဘူး။
ဘာ result မှလည်းထွက်လာတော့မှာမဟုတ်ပါဘူး။

#အဓိကက ကိုယ်ရောက်နေတဲ့နယ်ပယ် ၊ ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းမှာ ကိုယ်ဘယ်လို result မျိုးကိုလိုချင်တာလဲ။

ပြန်စဉ်းစားပြီး ကိုယ်လုပ်ရမယ့် action plan တွေစတင်လိုက်ပါ။

#စိတ်ဓာတ်ခွန်အားတွေ ပြန်လည်နိုးကြားထကြွလာပါစေ။ အခက်အခဲ တွေရှိရင်လည်း အဲဒီအရာတွေက

 ကိုယ့်ကို ပိုပြီး ကြံခိုင် သန်မာစေတာမျိုးပဲဖြစ်စေရပါမယ်။

#Good management of bad experience leads to great growth.

ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတဲ့ အခက်အခဲ ကိုကောင်းကောင်းစီမံနိုင်ရင် ကြီးမားတဲ့ ဖွံဖြိုးတိုးတက်မှုဆီကို ဦးတည်သွားပါလိမ့်မယ်။

Always Live With Passion.

Naing Tun Oo

10. 8. 2019

Friday, August 16, 2019

ဓူဝံ လမ်းပြကြယ် ပညာရေးဝန်ဆောင်မှုဘော်ဒါ

 ဓူဝံ လမ်းပြကြယ် ပညာရေးဝန်ဆောင်မှုဘော်ဒါ

အမှတ်(၄၂၇) ပုံကျွန်းလမ်း ၊ ပုံကျွန်းရပ် ၊ ထားဝယ်မြို့။ဖုန်း- 09 45099 0497
\
ဦးနိုင်ထွန်းဦး (ကျောင်းအုပ်ကြီး)