Tuesday, August 20, 2019

Microsoft Office Excel သင်ခန်းစာ

Microsoft Office Excel သင်ခန်းစာ
=========================

ကျောင်းသား/ ကျောင်းသူလေးတွေနဲ့ အမြဲထိတွေ့ပက်သက်နေရတဲ့

ဆရာ/ ဆရာမတို့အတွက် အလွန်အသုံးဝင်မယ့် သင်ခန်းစာလေးဖြစ်ပါတယ်။

အဲဒီသင်ခန်းစာလေးထဲမှာ

# အမှတ်ပေါင်းရှာခြင်း

# Pass / Fail ကိုရှာခြင်း

# စုစုပေါင်းအောင်တဲ့ကျောင်းသားအရေအတွက်ရှာခြင်း

# စုစုပေါင်းရှုံးတဲ့ကျောင်းသားအရေအတွက်ရှာခြင်း

# အောင်တဲ့ကျောင်းသားတွေမှာ ဂုဏ်ထူးပါရင် ဂုဏ်ထူးအရေအတွက်ကိုပြပေးခြင်း

# ဂုဏ်ထူးထွက်တဲ့ဘာသာရပ်တွေကိုဖော်ပြပေးခြင်း

# ရမှတ်အလိုက် အဆင့်ကိုပြပေးခြင်း

စတဲ့ သင်ခန်းစာတွေကို အသေးစိတ်ရှင်းပြပေးထားပါတယ်။

#IF function

IF Function သုံးဖို့ Logical test တစ်ခုလိုပါတယ်။

အဲဒီ Logical test ရဲ့ value အတိုင်း true ဖြစ်ခဲ့ရင်

Return ပြန်မယ့် အဖြေတစ်ခုနဲ့

Logical test ရဲ့ Value နဲ့ False ဖြစ်ခဲ့ရင်

Return ပြန်မယ့် အဖြေကတစ်ခု ဆိုပြီး သိထားဖို့လိုပါတယ်။

# Countif Function

Countif Function သုံးတဲ့အခါမှာလည်း သတ်မှတ်ချက်နှစ်ခုထည့်ပေးရပါတယ်။

List Range နဲ့ Criteria Range ဖြစ်ပါတယ်။

List Rang မှာက မူလ database ကို selection လုပ်ပေးရပါတယ်။

Criteria range မှာ ကိုယ်ရှာလိုသော dataအတွက်ရေးထားတဲ့ code သတ်မှတ်ချက်ကိုရွေးပေးရပါတယ်။


အားလုံးအဆင်ပြေပါစေခင်ဗျား။

ကိုနိုင်ထွန်းဦး

17-5-2019


ကိုနိုင်ထွန်းဦး
17-5-2019

No comments:
Write comments